Zidane နည်းပြကောင်းတစ်ယောက် ဖြစ်လာမယ်လို့ မထင်ခဲ့တဲ့ Tacchinardi — Mancini မှာတော့ အောင်မြင်လိုစိတ် ပြင်းပြနေဆဲလို့ ချီးကျူး
Juventus နဲ့ အီတလီကွင်းလယ်လူဟောင်း Alessio Tacchinardi က UEFA Nations League မှာ ပြင်သစ်နဲ့ အီတလီတို့ မတွေ့ဆုံမီ သူ့ရဲ့ Juventus အသင်းဖော်ဟောင်းနဲ့ လက်ရှိ ပြင်သစ်နည်းပြ Zinedine Zidane အကြောင်း ပြောကြားခဲ့ပါတယ်။ Zidane တစ်ယောက် ထိပ်တန်းနည်းပြဖြစ်လာမယ်လို့ ကစားသမားဘဝတုန်းက လုံးဝမမျှော်လင့်ခဲ့ကြောင်း Tacchinardi က ပြောပါတယ်။ “Zizou က နည်းပြကောင်းတစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့လားဆိုရင် လုံးဝမမျှော်လင့်ခဲ့ပါဘူး။ Crystal Ball နဲ့ ကြိုကြည့်နိုင်ရင်တောင် မထင်ခဲ့ပါဘူး။ သူက နည်းပြကောင်းတစ်ယောက်တင်မဟုတ်ဘဲ Super Coach တစ်ယောက်ဖြစ်လာမယ်လို့ အဲဒီအချိန်က ထင်ခဲ့တဲ့ Juventus အသင်းဖော်ရှိရင် ပြောကြည့်ပါလို့တောင် ကျွန်တော် စိန်ခေါ်ချင်ပါတယ်” လို့ Tacchinardi […]
