Liverpool နည်းပြဟောင်းနဲ့ လက်ရှိ ဂျာမနီလက်ရွေးစင်နည်းပြ Jürgen Klopp က Manchester City ရဲ့ ဆုဖလားတွေ ပြန်လည်ရုပ်သိမ်းခံရနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အရင်က ပြောခဲ့တဲ့စကားအပေါ် သဘောထားပြောင်းလဲသွားပြီလို့ ဖွင့်ဟခဲ့ပါတယ်။
Klopp ဟာ အရင်တုန်းက Man City ဆုဖလားတွေ ရုပ်သိမ်းခံရပြီး Liverpool ဆီ လွှဲပြောင်းပေးအပ်လာနိုင်တဲ့ အခြေအနေကို မေးမြန်းခံရချိန်မှာ Liverpool ပရိသတ်တစ်ဦးကို “Open-top Bus Parade စီစဉ်မယ်ဆိုရင် ကျွန်တော်ပါမယ်” လို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီလို မတွေးတော့ဘူးလို့ Klopp က ဆိုပါတယ်။

“အရင်တုန်းက Manchester City ဆီက ဆုဖလားတွေ ရုပ်သိမ်းခံရရင် အောင်ပွဲခံ Bus Parade မှာ ပါဝင်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အခုတော့ အဲဒီလို မတွေးတော့ပါဘူး။ အောင်ပွဲခံဖို့ လိုအပ်တယ်လို့လည်း မခံစားရပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာပဲ စောင့်ကြည့်ချင်ပါတယ်” လို့ Klopp က ပြောပါတယ်။
ဒါ့အပြင် Pep Guardiola နဲ့ သူ့ရဲ့ Manchester City အသင်းအပေါ် လေးစားမှု အလွန်ကြီးမားကြောင်းလည်း Klopp က အလေးထားပြောခဲ့ပါတယ်။
“Guardiola နဲ့ City ကစားခဲ့တဲ့ ဘောလုံးပုံစံအပေါ် ကျွန်တော့်ရဲ့ လေးစားမှုက အရမ်းကြီးမားပါတယ်။ သူတို့က ကြောက်စရာကောင်းလောက်အောင် အားကောင်းတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ကျွန်တော် ဘာမှမသက်ဆိုင်တဲ့အတွက် အောင်ပွဲခံဖို့လည်း ဘာမှပြင်ဆင်ထားတာ မရှိပါဘူး။”
Klopp က Liverpool မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ပဲ ကျေနပ်နေပြီး တခြားအရာတွေကို စိတ်မဝင်စားတော့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
2015 ကနေ 2024 အထိ Liverpool ကို ကိုင်တွယ်ခဲ့တဲ့ Klopp ဟာ အသင်းနဲ့အတူ Premier League ၁ ကြိမ်၊ FA Cup ၁ ကြိမ်၊ Community Shield ၁ ကြိမ်နဲ့ League Cup ၂ ကြိမ် ရရှိခဲ့ပါတယ်။ ဥရောပနဲ့ နိုင်ငံတကာအဆင့်မှာတော့ Champions League၊ UEFA Super Cup နဲ့ Club World Cup တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
